မင်းကင်း စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊မင်းကင်းမြို့တွင် ပြည်ပ၊ပြည်တွင်းမှ ပြန်လာသူများ အား သက်ဆိုင်ရာ Community Based Facility Quarantine Centre များတွင် ထားရှိ ပြီး Swab ကို ဒုတိယအသုတ်ရယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) သို့ ယမန်နေ့နံနက်ပိုင်းက ပေးပို့ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ပိုမိုမြင့်မားလာသည်နှင့်အညီ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဆန်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဉီးစီးမှူး ဒေါက်တာခင်သူသူလွင်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ပိုင်းက မြို့နယ်အတွင်းရှိ Community Based Facility Quarantine Centre မှ (၄၈) ဦး၏ Swab ကို ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ (မန္တလေး) သို့ ပေးခဲ့သည်။
မင်းကင်းမြို့တွင် ပြည်ပနှင့်ပြည်တွင်းရောဂါကူးစက်သောမြို့များမှ ပြန်လည်ဝင်ရောက်လာမည့် သူများကိုသက်ဆိုင်ရာ CBFQ များတွင် ထားရှိပြီး Swab များ ရယူပြီး ဆက်လက် ပေးပို့ ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
လှငွေ(မင်းကင်း)