ဖောင်းပြင်မြို့နယ်၊ ကုန်းကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများ ထုတ်ချေး

ဖောင်းပြင် စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကုန်းကြီးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြစိမ်းရောင် ပဉ္စမနှစ်စက်ဝန်းချေး ငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့က လက်ထောက် ညွှန်ကြားရေးမှူး ဦးအွမ်တမ်ဟုန်းနှင့် ဒုတိယဦးစီးမှူး ဦးစိုးသန်းဦးတို့က ကျေးရွာမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များ နှင့်အတူ ကွင်းဆင်းထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ထုတ်ချေးပေးခဲ့ရာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၁) ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၅၂) ဦး၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၂) ဦဂတို့အတွက် ချေးငွေစုစုပေါင်း (၄၁၃) သိန်းကို ထုတ်ချေး ပေးခဲ့သည်။ အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဖြင့် နိုင်ငံတော်က ငွေကျပ် သိန်း(၃၀၀) မတည်ပေးခဲ့ရာ စီမံကိန်း ကာလ ၄ နှစ်တာကာလအတွင်း အတိုးရငွေစုစုပေါင်း ငွေကျပ်သိန်း (၅၁၅) သိန်းကျော်ရရှိခဲ့ပြီး ငွေကျပ် ၉ ဒသမ ၉၇၈ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၁၀ ဒသမ ၂၂ သန်း စုစုပေါင်းငွေကျပ် ၂၀ ဒသမ ၁၉၈ သန်းဖြင့် ကုန်းကြီးကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်း တစ်ရပ်အနေဖြင့် အလကကျောင်းဝင်းအတွင်း အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ KG ကျောင်းဆောင်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဌာနမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)