လဲချားမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စားသောက်ကုန်များ လှူဒါန်း

လဲချား   စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် မှ စားသောက်ကုန်များ လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၁:၃၀)နာရီအချိန် က လာရောက်လှူဒါန်းခဲ့သည်။

ထိုသို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စားသောက်ကုန်များ လှူဒါန်းရာတွင် ကြက်ဥ (၁၂၀)လုံး၊ နွားနို့ (၁၅)ဗူး၊ ရွှေဖီဦး လဘက်ရည်ထုပ် (၂)ဖာ ကိုလှူဒါန်းခဲ့ရာ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မောင်နွယ် မှ လက်ခံ ရယူခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင် မှ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအား လိုက်လံနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားခဲ့သည်။ ယင်းစားသောက်ကုန်များ လှူဒါန်းခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှု့ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖ များမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)