ပန်းတနော်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေး

ပန်းတနော် စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများကို စက်တင်ဘာ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် နာရီမှ  ညနေ နာရီအထိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ နေရပ်ပြန်လာသူများကို Community Based Facility Quarantine နေထိုင်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည်ရေး စင်တာများကို မြို့ပေါ်/ကျေးရွာအုပ်စုအလိုက် အခြေခံပညာ ကျောင်းများတွင် ဖွင့်လှစ် ထားရှိသည်။

ပန်းတနော်မြို့နယ်တွင် စက်တင်ဘာ ရက်မှ ၁၆ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်လာသူ စုစုပေါင်း ၅၃ ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးပရဟိတ အဖွဲ့အစည်းများက နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)