မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

မိုင်းရယ်   စက်တင်ဘာ  ၁၇

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက်  ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက် (၉)နာရီ က မိုင်းရယ်မြို့၊ ပြည်ထောင်စု ခန်းမတွင် ဖွင့်လှစ်သည်။

သင်တန်းတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်း က အဖွင့် အမှာစကား ပြောကြားပြီး သင်တန်းကိုဆက်လက်ဖွင့်လှစ်ရာ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆန္ဒမဲပေးသည့် နေ့ရက်များတွင် မဲပေးမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများ၊ မဲရုံကြီးကြပ်ခြင်းများ၊ မဲရုံမလာရောက်နိုင်သည့် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးစေခြင်းများ၊ ဆန္ဒမဲရေတွက်ခြင်းများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ လိုက်နာရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်များကို ပို့ချကြသည်။

အဆိုပါ မိုင်းရယ်မြို့နယ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက်  ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ရပ်ကွက်/ကျေးရွာ အုပ်စု (၂၈)အုပ်စုမှ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြပြီး စက်တင်ဘာ (၁၇) ရက်နေ့မှ စက်တင်ဘာ (၁၈) ရက်နေ့ထိ ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက် ညွှန်ကြားချက်များနှင့်အညီ ပို့ချပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)