သတင်းများ

ကျောက်ဆည်မြို့နယ်တွင် စက်ရုံ/အလုပ်ရုံများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ စစ်ဆေး
Sep 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ
ချီဖွေမြို့၌ မြို့တွင်း လမ်းအမည်ဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Sep 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်နှင့် အမျိုးသားရေး လဏ္ခာများ မပပျောက်စေရေး၊ မှုလဌာနေ တိုင်းရင်းသားအမည်များဖြင့် မြို့တွင်းလမ်းအမည် ဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကို ဆေးကုသပေးနေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေး
Sep 17,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းနှင့် တာဝန်ရှိသူများသည် ဘုတလင်မြို့၊ ပြည်သူ့ဆေးရုံကြီး သီးသန့်အဆောင်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာကို ဆေးကုသ ပေးနေမှုအခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ခရိုင်အဆင့်ကော်မတီက နေရပ်ပြန်ပြည်သူများအား ထမင်းထုပ်များပေးဝေ
Sep 17,2020
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများ က နေရပ်ပြန်ပြည်သူများအား ထမင်းထုတ်များပေးဝေငှခဲ့ရာ အဆိုပါပေးဝေငှမှုတွင် နေရပ်ပြန်ပြည်သူများ (၁၂၂)ဦးတို့အား ပေးဝေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထမင်းထုပ်(၁၃၀)ထုပ်၊ ရေသန့်နှင့်Maskများကို ယနေ့နံနက် (၅)နာရီအချိန်ခန့် က ပေးဝေခဲ့ခြင်းဖြစ်သည်။
​​ကျောက်တံတားမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်
Sep 17,2020
ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေ ရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယ အကြိမ်)အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-) ထောက်ပံ့ခြင်းကို ယ​​မန်​နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်း ကြေညာနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်
Sep 17,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရန်စိစစ်ခြင်းလုပ်ငန်းများကို ယမန့်နေ့က စတင်၍ ဇမိရတနာခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အသုံးပြုရန်အတွက် မြန်အောင်မြို့နယ်အတွင်းရှိ အ.မ.က ကျောင်း (၉)ကျောင်းအတွက် လက်ဆေးဘေစင်၊ အသိပညာပေးဗီနိုင်း၊ ဆပ်ပြာနှင့်နှာခေါင်းစည်းများ ပေးအပ်လှူဒါန်း
Sep 17,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေး အသုံးပြုရန်အတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း - Metta Development Foundation မှ ပံ့ပိုးကူညီသော အထောက်အပံ့ပစ္စည်းများကို Light House Social Development Origanzation၊ Ayarwaddy နှင့်လူမှုဖွံ့ ဖြိုးတိုးတက်ရေးအသင်း (CDA)၊ လဝန်းရောင်ခြည် ပရဟိတအဖွဲ့ တို့မှ ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ်အတွင်းရှိ အ.မ.က ကျောင်း(၉)ကျောင်းအတွက် လက်ဆေးဘေစင်၊ အသိပညာပေး ဗီနိုင်း၊ ဆပ်ပြာနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးနိုင်ရေး မြို့ဝင်/ထွက် ဂိတ်နေရာများ၌ စစ်ဆေးကြပ်မတ် ဆောင်ရွက်
Sep 17,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့ပွား လျက်ရှိသဖြင့် အဆိုပါရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် မြို့အဝင် မြို့အထွက် ဂိတ်နေရာများ၌ စစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။