သတင်းများ

ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြိုင်ဈေးသို့ ကမေ္ဘာဇ လူငယ်စာကြည့်တိုက်မှ ထုတ်ဝေသည့် “မိသားစုအတွက် ကိုဗစ်-၁၉ ရောဂါ အချက်အလက်” လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေ့ နံနက်(၈)နာရီ က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်၌ ပြည်တွင်းသို့ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုး အခွန်တံဆိပ်ကပ်နှိပ်ရောင်းချရေးလုပ်ငန်းစီမံချက် ဆိုင်ရာ ရှင်းလင်းပွဲနှင့် အခွန်တံဆိပ်ကပ်နှိပ်ပေးခြင်းလုပ်ငန်းအား One Stop Service စနစ်ဖြင့် ဆောင်ရွက်
Sep 17,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ချင်းပြည်နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ ပြုလုပ်သော ပြည်တွင်း၌ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး အခွန်တံဆိပ် ကပ်နှိပ်ရောင်းချရေး လုပ်ငန်းစီမံချက် ဆိုင်ရာရှင်းလင်းပွဲကို ယမန့်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်တရားမြို့ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 17,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အတွင်းသို့ ဝင်ထွက်သွားလာ နေသည့် ဒေသခံပြည်သူများကို စနစ်တကျ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုစေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျိုက်ထိုမြို့ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာသို့ လာရောက်ကြည့်ရှု
Sep 17,2020
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် အဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ် စောင့်ကြည့် နေရာများသို့ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ကို မှာကြားခဲ့သည်။
နောင်ချိုမြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ
Sep 17,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆင့်ပွားသင်တန်းကို နောင်ချိုမြို့နယ်ခန်းမ၌ စက်တင်ဘာလ (၁၅) ရက်နေ့မှ စတင်ပို့ချလျက်ရှိပြီး ယနေ့နံနက် (၉)နာရီအချိန် က ဆက်လက်ပို့ချလျက်ရှိကြောင်း သိရသည်။
ဟိုပန်၌ ကုန်းမြင့်ယာစပါးဧက (၃၀၀) GAP လက်မှတ်ရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Sep 17,2020
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန် က နာဇရက်ကျေးရွာသို့ သွားရောက်၍ တောင်သူ(၂၈)ဦး စိုက်ပျိုးထားသည့် ကုန်းမြင့်ယာစပါးဧက (၃၀၀) အား GAP လက်မှတ်ရရှိရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး တို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော် ဦးဆောင်သောအဖွဲ့များသည် ညစဉ် မြို့အတွင်း လှည့်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများသည် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် Hospital Quarantine ထားရှိနိုင်ရေးကွင်းဆင်းကြည့်ရှု
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၆)ရပ်ကွက်ရှိ အောင်မြင့်မိုရ်လမ်း နှင့်လှော်ကား လမ်းထောင့်တွင်တည်ရှိသော အောင်မြင့်မိုရ်အိမ်ရာအား Hospital Quarantine အဖြစ်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။