ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနက တာဝန်ယူကျွေးမွေးလျက် ရှိသော Quarantine Centre တစ်ခုဖွင့်လှစ်ထားရှိခဲ့ပြီး ယခုအခါ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်၁၉ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ Quarantine Centre တစ်ခုကို (သင်္ဃန်းကျွန်းပညာရေးကောလိပ်)တွင် ထပ်မံဖွင့်လှစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှ Quarantineဝင်ရောက် နေသူ (၁၀၀) ဦး နှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်း(၂၀)ဦး စုစုပေါင်းလူဦးရေ (၁၂၀)ဦးအတွက် တစ်ရက်စာ စားသောက်ကုန်ကျစရိတ် (၁) ဦး (၅၀၀၀)ကျပ်နှုန်းဖြင့် တစ်ရက်(၆)သိန်းကျပ်နှုန်း လိုအပ်လျက် ရှိသည်။
အဆိုပါ Quarantine Centre သင်္ဃန်းကျွန်းပညာရေးကောလိပ် အတွက် အလှူငွေပေးအပ်ပွဲကို ယမန်နေ့ ညနေ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘာသာပေါင်းစုံအဖွဲ့ (ခရစ်ယာန်) သင်္ဃန်းကျွန်းမြို့နယ်မှ ကျပ်(၁၃)သိန်းကျပ်၊ အောင်ရတနာအထူးကုဆေးရုံ မိသားစုမှ တစ်ရက်စာတာဝန်ယူခြင်း၊ ကွယ်လွန်သူ ဦးလှဝေ အား ရည်စူး၍ ဇနီး ဒေါ်ဝင်းမြင့်လွင်မိသားစု မှ အလှူငွေ (၆)သိန်းကျပ်၊ ဒေါ်ပိုးပိုး မိသားစု (လှိုင်မြို့နယ်) မှ အလှူငွေ (၆)သိန်းကျပ်၊ကိုဥက္ကာဖြိုး မှ အလှူငွေ (၆)သိန်းကျပ်၊ ဦးနေဘုန်းလတ်+ ဒေါ်ပြုံးသာမြင့် သမီး ဂျူနို မိသားစုမှ အလှူငွေ (၂) သိန်းကျပ်၊ မိခင်ကြီး ဒေါ်တင်လှ ၊ သား ဒေါက်တာရွှေထွန်းမှ အလှူငွေ (၂)သိန်း၊ Peter Chu ( Boston , USA ) မှ အလှူငွေ(၁၃၅၀၀၀)ကျပ် (US$ 100)၊ ဦးဌေးဝင်း + ဒေါ်ရီရီသောင်းရွှေမိသားစုမှ အလှူငွေ (၁)သိန်းကျပ်၊ ဦးမင်းဇော်ဝင်း + ဒေါ်ရွှေစင်ဌေး D'PENYETZ MYANMAR မှအလှူငွေ (၁)သိန်းကျပ် အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ကော်မတီဝင်တို့က လက်ခံခဲ့ကြသည်။
Quarantine Centre သင်္ဃန်းကျွန်းပညာရေးကောလိပ်အတွက် အလှူငွေများကို လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
ရဲမင်းထွန်း (ပြန်/ဆက်)