သတင်းများ

မြန်အောင်မြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် သပြေလှစစ်ဆေးရေးဂိတ်နှင့် အောင်ဧရာ Quarantine Center တွင် တာဝန်ထမ်းဆောင်နေသူ များအား သွားလာစရိတ် ထောက်ပံ့
Sep 17,2020
မြန်အောင်မြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး နှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသူများအား သွားလာစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကြည့်မြင်တိုင်မြို့နယ်၌ နယ်မြေအေးချမ်းလုံခြုံရေး ယာဥ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 17,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ယမန်နေ့က နယ်မြေအေးချမ်း လုံခြုံရေး အတွက် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်း နှင့် ဝန်အားမျှခြင်းလုပ်ငန်းများဆောင်ရွက်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ဓာတ်အားလိုင်းအသစ် တည်ဆောက်ခြင်းနှင့် ဝန်အားမျှခြင်း လုပ်ငန်းများကို မြို့နယ်လျှပ်စစ်ဓာတ်အားပေး ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသည်။
ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာလအတွင်း Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှစ၍
နောင်မွန်မြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် ၇ နာရီခန့်ကစ၍ ကဆန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ညမထွက်ရအမိန့်အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်
Sep 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ညမထွက်ရအမိန့် နှိုးဆော်ခြင်းကို မြို့နယ် အတွင်းရှိရပ်ကွက်များတွင် နေ့စဉ် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
နောင်မွန်မြို့နယ်၌ ရွေးကောက်ပွဲကာလအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် လုံမောင်ခန်းမ၌ စက်တင်ဘာ(၁၅)ရက်နေ့ နံနက် ၁၀ နာရီခန့်က ရွေးကောက်ပွဲ ကာလအတွင်း ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။