Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရေးမြို့နယ်၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်း
Sep 19,2020
မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရေးမြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၁၀၀)ဆံ့ ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့တွင် ဂေါ်လီချောင်းရေ မြင့်တက်လာသောကြောင့် နေအိမ်များနှင့်ဆိုင်ခန်းများ ရေဝင်ရောက်မှုဖြစ်ပွား
Sep 19,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ယမန်နေ့ည ၁၁ နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် ဂေါ်လီချောင်းရေသည် စိုးရိမ်ရေအမှတ် ၁၃ ပေထက် ကျော်လွန်ပြီး ၁၄ ပေထိ မြင့်တက်လာသောကြောင့် ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြေအနိမ့်ပိုင်း နေရာတချို့ရှိ နေအိမ်များနှင့် ဈေးဆိုင်ခန်းများ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေအဝင်-ပန်ဝါအထွက် (၄) မိုင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစွည်းများထောက်ပံ့
Sep 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ချီဖွေအဝင်-ပန်ဝါအထွက် (၄) မိုင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေးရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစွည်းများကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီအချိန်က ဒေသတည်ငြိမ်ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးရုံး (ပန်ဝါ) ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်
Sep 19,2020
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများ တွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နာရီစင် လမ်းဆုံ၊ သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့၌ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ ငွေပေးအပ်
Sep 19,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော် ကျပ်သိန်းတစ်ထောင် ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Sep 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းမူမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 19,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင် ပေးဝေလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30064
Page
30065
Page
30066
Page
30067
Current page
30068
Page
30069
Page
30070
Page
30071
Page
30072
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department