မြင်းမူမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မြင်းမူ   စက်တင်ဘာ   ၁၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင် ပေးဝေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကျေးရွာများအလိုက် တာဝန်ယူကာ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ် ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အိမ်တိုင်အရောက် လိုက်လံပေးအပ်စေရန် စီမံဆောင်ရွက်ထား ကြောင်း မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရှိရသည်။

ယခုအကြိမ် နိုင်ငံတော်က ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀) ရရှိကြမည့် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၆၇၂) စု ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)