ပန်ဝါ၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ချီဖွေအဝင်-ပန်ဝါအထွက် (၄) မိုင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေးရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြုပစွည်းများကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီအချိန်က ဒေသတည်ငြိမ်ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးရုံး (ပန်ဝါ) ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် ဆေးဖျန်းပုံး (၂) ပုံး၊ ပိုးသတ်ဆေး (၄၀) ဗူးပါ (၁) ဖာ၊ Hand Gel (၂၄)ဗူးပါ (၁)ဖာ၊ Mask (၂၀၀၀) ခုပါ (၃) ဖာ၊ ဆေးပစွည်းမျိူးစုံပါ (၁) ဖာနှင့် တရုတ်ယွမ်ငွေ (၁၂၀၀၀) ယွမ်အား ပေးအပ် လှူဒါန်းခဲ့ရာ ပန်ဝါအုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံပစွည်းများအား ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရဲညွန့်(ပြန်/ဆက်)