သတင်းများ

မိုင်းပန်မြို့နယ်၊ မိုင်းဟောင်းကျေးရွာ၌ ကိုဗစ်− ၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်တွင် ယမန်နေ့ နံနက်(၇) နာရီအချိန်က မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိုင်းပန် စက်ဘီးစီးအဖွဲ့ နှင့် မိုင်းပန်မြို့နယ် စေတနာ့ဝန်ထမ်း များအသင်းတို့ပူးပေါင်း၍ မိုင်းဟောင်းကျေးရွာသို့ သွားရောက်ကာ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မောက်မယ်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ မြောက်ဘက် ကံ့ကော်လမ်း၌ ယမန်နေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။
ရေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ငါးလှန်းကြပ်စင်များ ပြိုကျ
Sep 20,2020
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယမန်နေ့ ညအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဇီးဖြူသောင် ကျေးရွာနှင့် အံဒင်ကျေးရွာ အုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့တွင် လူနေအိမ်နှင့် ငါးလှန်းကြပ်စင်များ ပြိုကျခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီး
Sep 20,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမအုပ်စု၊ အင်ကော မကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန်အုပ်စု၊ ကရန်ယန်ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်းလမ်းအတက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (CFAVC) စီမံကိန်းဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Sep 20,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရာသီဥတုနှင့်လိုက်လျောညီထွေ ဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC) စီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် နေမှု အခြေအနေတို့ကို စက်တင်ဘာလ ၁၈ရက် နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦး အစားထိုးရွေးချယ်
Sep 20,2020
ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၁) ဦး အစားထိုးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ပုလောမြို့၊ မကျည်းကုန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးရောင်းဈေးဝယ်သူများ အဆင်ပြေစွာသွားလာနိုင်ရန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်
Sep 20,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ကြသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံ ငွေဖြင့် ပွင့်ဖြူမြို့မစည်ပင်သာယာဈေး အနောက်ဘက်လမ်း အရှည်ပေ ၂၆၅ ​ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၈ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်
Sep 20,2020
၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆို သောအားဖြင့် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ မိသားစု၊ မြို့မရဲစခန်း တပ်ဖွဲ့ဝင်မိသားစုတို့က လင်းခေးမြို့နယ် ပုန်းထွန်အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ကျောင်းဝင်း အတွင်း သန့်ရှင်းရေး စုပေါင်းလုပ်အားပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။