လွိုင်ကော် စက်တင်ဘာ ၁၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများ တွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နာရီစင် လမ်းဆုံ၊ သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့၌ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် လွိုင်ကော်မြို့အတွင်းရှိ နာရီစင် လမ်းဆုံ၊ သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား၊ လမ်းလာပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ Mask တပ်ဆင်သွားလာရန် အသိပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/-)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)