သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေး မြို့တွင်းလေးတိုင်စင်လမ်းဆုံ၌ ယာဉ်အချက်ပြမီးပွိုင့်တပ်ဆင်
Sep 19,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်နှင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလေးတိုင်စင်လမ်းဆုံနေရာတွင် ယာဉ်အချက်ပြမီးပွိုင့် (၃)ခု တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ရန်ကင်းမြို့နယ်တွင် အ.ထ.က(၁)စာသင်ကျောင်းအား Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိ
Sep 19,2020
ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေး အတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများအား သီးခြားနေထိုင်စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက်တွင်ရှိသော အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာသင်ကျောင်းဆောင်ကို ယမန်နေ့ နံနက် (၇) နာရီမှစတင်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။
မယ်စဲ့မြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်
Sep 19,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျှက်ရှိရာ နေအိမ်အပြင်သို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလမ်းဆုံနှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မဲရုံများလုံခြုံရေးအတွက် အထူးရဲ   ၂၂၀ ဦး ခန့်အပ်ဆောင်ရွက်
Sep 19,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၂၀) ဦး ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘောဂလိမြို့ပေါ်ရှိ ကုန်စုံဆိုင်များ ၊ လ္ဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ဘောဂလိမြို့ပေါ်တွင် ရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင် များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
မြောင်မြို့တွင် ရွှေလက်များ ပရဟိတလူငယ်အဖွဲ့မှ Mask များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် ရွှေလက်များပရဟိတလူငယ် အဖွဲ့မှ Mask များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၇)နာရီက ထီးလှိုင်ရှင်ပန်းခြံရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ ပုံမှန်​ဝင်​ငွေမရှိ​သော အခြေခံလူတန်းစားများအား ထောက်ပံ့​ငွေများ​ပေးအပ်
Sep 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဥ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်သည့်အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက် ညနေ ၂ အချိန်ခန့်က မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။