ရပ်ကွက်နှင့် ကျေးရွာများတွင် ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး အားကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 20,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်း အောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ သွားရောက်ပြီး အားကစားလေ့ကျင့်နိုင်ရန်အတွက် ပိုက်ကျော်ခြင်းကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။