ရေးမြို့နယ်၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်း

ရေး     စက်တင်ဘာ   ၁၉

မွန်ပြည်နယ် ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရေးမြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၁၀၀)ဆံ့ ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် အရာရှိများ၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာသက်ပိုင်တို့က လှည့်လည်ကြည့်ရှုအားပေးကာ သွေးလှူဒါန်းသည့် အရာရှိများနှင့် တပ်ဖွဲ့ဝင်များအား အားပြည့်စေသော အစားအစာများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြသည်။

(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် O သွေး (၈)လုံး၊ A သွေး(၄)လုံး၊ B သွေး (၂)လုံးနှင့် AB သွေး (၁)လုံးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုပေါင်းလှူဒါန်းပေး ခဲ့ကြောင်း မြို့နယ်ကုတင်၁၀၀ ဆံ့ ဆေးရုံ တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)