သတင်းများ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေး လိုက်လံနှိုးဆော်
Sep 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒိုင်းပြကျေးရွာနှင့် ကမော့ကချူးကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါပိုးပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိ
Sep 19,2020
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ (၁၈.၉.၂၀၂၀) ရက်နေ့နံနက် သတင်းထုတ်ပြန်ချက်အရ  ကိုဗစ်-၁၉ အတည်ပြုလူနာ (၂) ဦး ထွက်ပေါ်ခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါပိုးပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မိုးနဲမြို့၌ သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များ ကျေးရွာအုပ်စုအလိုက် ပေးအပ်
Sep 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ပတ်ကျောကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၁၆)စု အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ပတ်ကျောကျေးရွာ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စည်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 19,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အထိမ်း အမှတ်အနေဖြင့် မြို့နယ်စည်ပင်သာယာဈေးတောင်ဘက်ရှိ စည်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက် (၇) နာရီအချိန်က  ပေါင်းမြက်များနှင့် အမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Physical Fitness Dance ကို Online မှတစ်ဆင့် တင်ဆက်
Sep 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကာစားနှင့်ကာယပညာဦးစီးဌာနက Physical Fitness Dance ကို Online မှတစ်ဆင့် တင်ဆက်ခြင်းအား ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်နိုင်ရေး ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker ထောက်ပံ့ပေးအပ်
Sep 19,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရပ်ကွက်/ကျေးရွာများအတွက် Hand Speaker များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်မှူးများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်
Sep 19,2020
ကယားပြည်နယ် လွိုင်ကော် မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ်မြောက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။