ဥတ္တရသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ ငွေပေးအပ်

ဥတ္တရသီရိ စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ  ထောက်ပံ့သည့်ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးကျော်မင်းလှိုင်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများကို  အိမ်ထောင်စုများထံသို့     လက်ဝယ်အရောက်   ပေးအပ်နိုင်ရေး နှင့်  နိုင်ငံတော်ဘဏ္ဍာလေလွင့်မှု မရှိစေရေးအတွက်ကိုလည်း တာဝန်ရှိသူများက စနစ်တကျ စီမံ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဦးကျော်မင်းလှိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးတို့က ရပ်ကွက်နှင့် ကျေးရွာအုပ်စု  (၁၀) အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသည့်  အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၉၂၀) စုအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် (၂၀,၀၀၀)နှုန်းဖြင့်  စုစုပေါင်းငွေကျပ် (၂၇၈,၄၀၀,၀၀၀/-) ကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)