သတင်းများ

ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ
Sep 19,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာတွင် မိုးသီးနှံအဖြစ် ပဲကြီးများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
Sep 19,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ပဲကြီးများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပေါက်ကုန်းကျေးရွာမှ တောင်သူ ဦးအောင်နိုင်ထွန်းက ပြောသည်။
သုံးခွမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံရေးဆောင်ရွက်ရန် အထူးရဲ (၁၇၅) ဦး ခန့်အပ်သွားမည်
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲကြီးတွင်  မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ(၁၇၅)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သုံးခွမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
သုံးခွမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံ့
Sep 19,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign လှုပ်ရှားမှုပြုလုပ်
Sep 19,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign ပြုလုပ်ခြင်းနှင့် Mask အခုရေး ၁၀၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်-၁ ရပ်ကွက် မြန်မာ့ရေနံဌာနခွဲရှေ့၌ ပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 19,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီခွဲက မိုင်းပျဉ်းမြို့ အထကကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Quarantine Center အဖြစ် ထားရှိမည့်နေရာအား ပြင်ဆင်ဆောင်ရွက်
Sep 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများ အား သီးခြား နေထိုင်စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် Quarantine Center ဖွင့်လှစ် ထားရှိမည့် အစိုးရသက်မွေးကျောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Quarantine Center အဖြစ်အသုံးပြုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ပလောက်မြို့ အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 19,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည(၇)နာရီခန့်က ပလောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။