ဘောဂလိမြို့ပေါ်ရှိ ကုန်စုံဆိုင်များ ၊ လ္ဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဘောဂလိ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်အတွက် ဘောဂလိမြို့ပေါ်တွင် ရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များ၊ လ္ဘက်ရည်ဆိုင်နှင့် ကွမ်းယာဆိုင် များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ဘောဂလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစောဘိုဘိုကျော်၊ ဒုရဲအုပ် သောင်းထိုက်လင်း၊ တိုက်နယ်ဆရာဝန် ဦးစောဒန်ဇယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဘောဂလိမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကောမတီအဖွဲ့ဝင်များ က ကုန်စုံဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စားသုံးသူပြည်သူများ ရောဂါကူးစက်မှုမရှိစေရန် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်များ ထားရှိစေရေးနှင့် ရောင်းချသူများအနေဖြင့် Mask ၊ မျက်နှာကာများ တပ်ဆင်ပြီးရောင်းချစေရေးစသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။

နီလာအေး( ပြန်/ဆက်)