မြောင်မြို့တွင် ရွှေလက်များ ပရဟိတလူငယ်အဖွဲ့မှ Mask များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မြောင်   စက်တင်ဘာ     ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် ရွှေလက်များပရဟိတလူငယ် အဖွဲ့မှ Mask များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၇)နာရီက ထီးလှိုင်ရှင်ပန်းခြံရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစစောင်များနှင့် Mask များကို အခမဲ့ဖြန့်ဝေခဲ့ပါတယ်။ ရှေ့ဆက်လည်း Mask များကို အခမဲ့ဖြန့်ဝေပေးသွားမှာပါ” ဟု ရွှေလက်များပရဟိတ လူငယ်အဖွဲ့ဝင် မောင်ရှင်းသန့်အောင်က ပြောသည်။ 

အဆိုပါရွှေလက်များ ပရဟိတ လူငယ်အဖွဲ့မှ လမ်းသွား/ လမ်းလာ စျေးဝယ်လာ ပြည်သူများထံသို့ Mask (၅၀၀) ခုနှင့် အသိပညာပေး လက်ကမ်း စာစောင် (၅၀ဝ) စောင် တို့အား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

တင်ကိုကို(မြောင်)