Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းဆတ်မြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာလ (၁၉) ရက်နေ့နံနက် (၆)နာရီခွဲ က ဓာတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုမိန်းမြို့ မော်တော်ယာဉ်ဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး နံရံကပ်စာစောင်ပြသ
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ရှမ်းဘာသာဖြင့် ဖော်ပြထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နံရံကပ် စာစောင်ကို ဟိုမိန်း(S.S.S) မော်တော်ယာဉ်ဂိတ်၌ ယမန်နေ့နံနက်ပိုင်းက ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့တွင် CERP အစီအစဉ်အရ တတိယအကြိမ်မြောက် ငွေကျပ်(၂၀၀၀၀) အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တတိယအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန် (၅)မျိုးအတွက် ငွေ(၂၀,၀၀၀)ကျပ်အား စက်တင်ဘာလ (၁၉)ရက်နေ့နံနက် (၇)နာရီအချိန် က စတင်၍ အိမ်တိုင်ရာရောက် ပြည်သူများ လက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသောစိုက်ခင်းများအား ပထမအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ဒုတိယအကြိမ် မြေသြဇာထည့်သွင်းခြင်း ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တောင်သူ ဒေါ်နန်းသန်းသန်းဌေး ၏ လယ်ကွင်းတွင် COVID-19 Economic Relife Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများအား ဖြစ်ထွန်းအောင်မြင်မှုရှိစေရန် အတွက် အပင်သက်တမ်းအလိုက် ထည့်သွင်းရမည့် မြေသြဇာထည့်သွင်းမှုနည်းစနစ်များအား ပညာပေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပြသခြင်းကို ယမန်နေ့နံနက် ၇နာရီ က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင် က ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက် ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလက(မြို့မ) ကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်
Sep 20,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအချိန်အထိ လွိုင်မြေရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း(မြို့မ) တွင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 20,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁:၃၀ နာရီအချိန် က ကော်မရှင်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်
Sep 20,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးပိုင်နှင့် မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး တင်နိုင်မိုး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၅)ဦးသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ပြည်သူ့ဆေးရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 20,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30051
Page
30052
Page
30053
Page
30054
Current page
30055
Page
30056
Page
30057
Page
30058
Page
30059
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department