သတင်းများ

စုကလိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 20,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေများကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ပေါ် ရပ်ကွက်နေ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်သူများလက်ဝယ် အရောက် ပေးအပ်ခဲ့သည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမူရေးပင်စင်ပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော လူမူရေး ပင်စင်ကို ဆီဆိုင်မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီးဘိုးဘွား (၂၀)ဦးတို့အား ယမန်နေ့ နံနက် ၁၀ နာရီခန့်က တစ်ဦးချင်းဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းအား ပြည်သူလယ်ဝယ်အရောက်ပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ဘိုကလေးမြို့နယ်တွင် အခြေခံအိမ်ထောင်စု(၃၅၇၀၁)စုအား ငွေကျပ်(၂၀၀၀၀) ထောက်ပံ့ပေးအပ်
Sep 20,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ မြို့ပေါ်ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု(၇၆) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂) သောင်းနှုန်းဖြင့် ယမန်နေ့ နံနက်(၁၁)နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ပံ့ပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်တွင် အခြေခံပညာကျောင်းနှစ်ကျောင်းကို Community Base Quarantine Centre အဖြစ် ထပ်မံဖွင့်လှစ်
Sep 20,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သီးခြားနေထိုင်စောင့်ကြည့်မှုများကို ပြုလုပ်သွားနိုင်ရေးအတွက် Community Base Quarantine Centre အဖြစ် အခြေခံပညာကျောင်းနှစ်ကျောင်းကို ယမန်နေ့မှစတင်၍ ထပ်မံတိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တာမိုးညဲမြို့၌ (KBZ Pay) မှ ထောက်ပံ့ငွေများ ထုတ်ယူရန် အခက်အခဲကြုံတွေ့ကြသည့် အသက်(၂)နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၃၁)ဦးကို ထောက်ပံ့ငွေများပေးအပ်
Sep 20,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လူမှုဝန်ထမ်းဦးစီးဌာနက (KBZ Pay) မှ တစ်ဆင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ (KBZ Pay)မှ ထောက်ပံ့ငွေများ ထုတ်ယူရန် အခက်အခဲကြုံတွေ့နေကြသည့် အသက်(၂)နှစ်အောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း(၃၁)ဦးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က တာမိုးညဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပြန်လည်ပေးအပ်သည်။
မတ္တရာမြို့နယ်၌ Mask Campaign ပြုလုပ်
Sep 20,2020
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မန္တလေး-မိုးကုတ်ကားလမ်း မြို့အဝင် လမ်းဆုံနှင့် စည်ပင်သာယာမြို့မစျေးအနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၆၉)ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်ပေး
Sep 20,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။