ဟိုပန် စက်တင်ဘာ ၂၁
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးပိုင်နှင့် မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး တင်နိုင်မိုး ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၅)ဦးသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ပြည်သူ့ဆေးရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ခြင်၊ ယင်များ မခိုအောင်း နိုင်စေရန်အတွက် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)