သတင်းများ

မိတ္ထီလာမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် 33KV သပြေဝ - ဝန်ဇင်း ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီး
Sep 21,2020
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင် ပြတ်တောက်မှု မဖြစ်ပေါ်စေရန် 33KV သပြေဝ-ဝန်ဇင်း ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ခေါဇာမြို့ ကဗျာဝကျေးရွာနှင့် ရင်းဒိန်းဝကျေးရွာတို့တွင် ပင်လယ်ဒီရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွား
Sep 21,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ကဗျာဝကျေးရွာနှင့် ရင်းဒိန်းဝကျေးရွာတို့တွင် ယမန်နေ့က ပင်လယ်ဒီရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ၇၀ရာခိုင်နှုန်းကျော်ထိ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် မီးလင်းပြီ
Sep 21,2020
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ အား နိုင်ငံတော်ဓာတ်အားစနစ်မှ ၇၀ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင် ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံမှသိရသည်။
သံဖြူဇရပ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Sep 21,2020
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်အတွင်း ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က နေရာအချို့တွင်လေပြင်း တိုက်ခတ်ခဲ့ရာ၊ စက်စဲကျေးရွာကမ်းခြေအပေါ်ဘက် စက်စဲ-ဓမင်းဆိပ်သွားကတ္တရာ လမ်းမပေါ်သို့ မြအဏ္ဏဝါစားသောက်ဆိုင်အနောက်ဘက်ရှိ
ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကာလ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန် က ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု တို့တွင် နိုင်ငံတော်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၈)ဦးအား မီးရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး
Sep 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့က အမျိုးသား (၃၂)ဦး၊ အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၄၈)ဦးတို့ကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့ပါသည်။
မိုင်းဆတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်အရောက် တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက် တတိယအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီ က ဌာနဆိုင်ရာတာဝန်ရှိသူတို့က ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းထောက်ပံ့ပေးလျှက် ရှိသည်။
ကျောက်တလုံးကြီးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က စတင်၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။