သတင်းများ

အင်တောမြို့ နယ် ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရရှိသော အသက် (၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၅၅)စုအတွက် ငွေကျပ်သိန်း ၃၄၀ကျော် ပေးအပ်ထောက်ပံ့
Sep 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲရှောင်အိမ်ထောင်စု (၈၅၅) အိမ်ထောင်စုအတွက် စုစုပေါင်း ငွေကျပ်၃၄၂၀၀၀၀၀ကို စက်တင်ဘာလ (၁၉) နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းညီလောင်းနှင့် တာဝန်ရှိသူများပေးအပ်ရာ IDPs စခန်းများမှ စခန်းတာဝန်ခံများက လက်ခံရယူသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့ငွေဖြင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် (၁၁၇၂.၅၀)သန်းဖြင့် လမ်းမတော်လမ်းထိပ်မှ စတင်၍ သိန္နီလမ်း (မြို့မဈေးလမ်း)တစ်လျှောက်မှ သုခလမ်းဆုံအထိ ကတ္တရာကွန်ကရစ် (နိုင်လွန်ကတ္တရာ) ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၆၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
Sep 20,2020
(၆၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်း ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခန့် က နန်းသဲကျေးရွာရှိ ကျောက်ဖြူကြီးဘုရား အနီးတစ်ဝိုက်၌ ဆောင် ရွက်ခဲ့ကြသည်။
ညောင်ရွှေမြို့နယ်အတွင်း ဝက်များရောဂါဖြစ်ပွား သေဆုံးမှုများမရှိစေရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဝက်များ နာမကျန်းဖြစ်ခြင်း၊ အချို့သော ဝက်သေဆုံးမှု များ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ပင်လောင်းမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာစိုက်ထူ
Sep 20,2020
ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ၍ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပိုစတာအား အမှတ်(၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံး (ရှမ်း/တောင်) လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပင်လောင်း)မှ ယနေ့က ပင်လောင်းမြို့မဈေး အနောက်ဘက် မင်းလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။
ဝန်းသိုမြို့နယ် ခပ်ချိုကျေးရွာတွင် မိရိုးဖလာဝါးနှီးဖြင့်ယက်လုပ်သော ခမောက်ယက်လုပ်ငန်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Sep 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် တောင်သူလယ်ယာလုပ်ငန်းအပြင် မိရိုးဖလာဝါးနှီးဖြင့် ယက်လုပ်သော ခမောက်ယက်လုပ်ငန်းကို မိမိတို့အိမ်တွင် တစ်ပိုင်တစ်နိုင်ပြုလုပ်လျက်ရှိရာ မိသားစုပုံမှန်ဝင်ငွေများရရှိသည့်အတွက် အဆင်ပြေလျက် ရှိကြောင်း သိရသည်။