သတင်းများ

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂ မှတစ်ဆင့် ဆီသယ်ဘောက်ဆာယာဉ်များ တောင်ကြီးသို့စေလွှတ်
Sep 20,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှတစ်ဆင့် နေ့စဉ်ကုန်စည်များ သယ်ယူဖြတ်သန်းနေကြသော မော်တော်ယာဉ်စီးရေများကို စက်တင်ဘာ ၁၇ ရက်နေ့မှစ၍ ကန့်သတ်လျှော့ချခဲ့ရာ လုပ်ငန်းများလည်ပတ်မှုကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့နယ်ရှိ ကျေးရွာများသို့ နိုင်ငံတော်မှထောက်ပံ့ပေးသော အခြေခံစားသောက်ကုန်များအတွက် တတိယအကြိမ် ထောက်ပံ့ပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန် က လားရှိုးမြို့နယ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသောအခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းမှ တတိယအကြိမ်ငွေသား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။
နောင်တရားမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ လက်တလောအဆင်ပြေစေရေးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း က နောင်တရားမြို့အတွင်းရှိ အိမ်ထောင်စု(၂၀၉)စု သို့ ထောက်ပံ့ပေးအပ်သည်။
ပင်လုံမြို့ ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၁၈)စုအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 20,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန် က ပင်လုံမြို့ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Sep 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦး ဦးဆောင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သော ပေါင်းမြက်/အမှိုက်များအား ရှင်းလင်းခြင်း၊ သစ်ပင်/ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း တို့အား စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီအချိန် က ကုတင်(၂၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း တပ်ဖွဲ့ဝင်များမှပူးပေါင်းကာ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာတွင် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာတွင် မြို့နယ်အရန်မီးသတ်တပ်ရင်းက အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် Mask၊ Face Shield နှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီ က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာစေရေး ညှိနှိုင်းဆွေးနွေး
Sep 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား သတ်မှတ် ထားသောစည်းကမ်းချက်များ လိုက်နာစေရေး ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၉:၃၀ နာရီအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်
Sep 20,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ စက်တင်ဘာလ (၁၉)ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူများလယ်ဝယ်အရောက် တတိယအကြိမ် ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။