သိန္နီ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန် က ကော်မရှင်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး က အဖွင့်အမှာစကားပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင် က ကော်မရှင်အဖွဲ့၏ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်အသီးသီးက ဖြည့်စွက်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖိုးချို (ပြန်/ဆက်)