သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သိန္နီ   စက်တင်ဘာ  ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ မြိုနယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်ကော်မတီ၀င် မြို့မိ/မြို့ဖ ဦးစိုင်း၀င်းခိုင် က လက်ရှိ Quarantine ထားရှိနေမှု အခြေအနေများနှင့် လက်ကျန်ပစ္စည်းများစာရင်းကို ရှင်းလင်းတင်ပြပြီး မြိုနယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာဇော်မိုးအောင် က ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် လိုက်နာရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖိုးချို (ပြန်/ဆက်)