မိုးနဲ စက်တင်ဘာ ၂၁
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက် ၇ နာရီမှ ၉ နာရီအချိန်အထိ လွိုင်မြေရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်း(မြို့မ) တွင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်း ဦးစီးသောရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းဝင်းအတွင်း/ အပြင်တွင် ပေါက်ရောက်နေသော ပေါင်းမြက်၊ ချုံနွယ်များကို စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)