မိုင်းပန် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တတိယအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားကုန် (၅)မျိုးအတွက် ငွေ(၂၀,၀၀၀)ကျပ်အား စက်တင်ဘာလ (၁၉)ရက်နေ့နံနက် (၇)နာရီအချိန် က စတင်၍ အိမ်တိုင်ရာရောက် ပြည်သူများ လက်ဝယ်သို့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်ရှိ အိမ်ထောင်စု (၅၀)စု၊ ကျေးရွာအုပ်စု (၈)အုပ်စုရှိ အိမ်ထောင်စု (၁၁၈)စု၊ စုစုပေါင်း အိမ်ထောင်စု(၁၆၈)စုသို့ တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၃၆၀၀၀၀)အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့် အညီ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်များအား Hand Speaker ဖြင့် ဆော်သြခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ နှာခေါင်းစည်း Mask တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေစင်(မိုင်းပန်)