မိုင်းဆတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စက်တင်ဘာလ (၁၉) ရက်နေ့နံနက် (၆)နာရီခွဲ က ဓာတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်၊ မူးယစ်တပ်ဖွဲ့စု(၂၉)မှ ရဲမှူးဝင်းဇော်၊ မြို့မစခန်းမှူး ဒုရဲမှူးတင်စောထွန်း၊ သတင်းရဲတပ်ဖွဲ့ ဒုရဲမှူးအောင်ကျော်မြင့်၊ အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူးသန့်ဇင်နှင့် လေကြောင်းရဲတပ်ဖွဲ့ ဒုရဲမှူးနီလွင် တို့ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်ရဲမေများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်နေရာအလိုက် ဓာတ်စွမ်းဟုန် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တံမြက်စည်းလှည်းခြင်း၊ အမှိုက်သရိုက် များနှင့် ခြုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ယမန်နေ့က မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)