Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
အမာမြို့ ဂေါ်ဒူကျေးရွာတွင် လူနေအိမ်(၁၂)လုံးနှင့် ထောင်ကြီးတန်းကျေးရွာတွင် လူနေအိမ်(၁၄)လုံး မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဒီရေတက်ပြီး သဲဖုံးခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ဒီရေများမြင့်တက်လာခြင်းကြောင့် လူနေအိမ်(၁၂)လုံး ရေနစ်မြုပ်၍ယိုင်နဲ့ ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့နယ်၊ ရင်းဘိုင်းကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
Sep 21,2020
ကရင်ပြည်နယ် ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ရင်းဘိုင်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 21,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၇ နာရီက တာဝန်ရှိသူများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်လေပြင်းတိုက် ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး
Sep 21,2020
ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ စက်တင်ဘာလ ၁၉နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိလူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ပြီး မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိ
Sep 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး (အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွား ပြည်သူ (၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Sep 21,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမအုပ်စု၊ အင်ကောမကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန် အုပ်စု၊ ကရန်ယန် ကျေးရွာတို့တွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်၊ ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့်တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်းလမ်းအတက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများမှာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရှားပါးပင်လယ်လိပ်တစ်ကောင် ပြန်လည်လွှတ်ပေး
Sep 21,2020
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် လေးမိုင်ကမ်းခြေသို့သောင်တင်လာသည့် ရှားပါးပင်လယ်လိပ်တစ်ကောင်အား ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပြလို့မြင့်ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းပျက်စီး
Sep 21,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်း(၁)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းအရှည် (၂၀၀) ပေ၊ အကျယ်(၃၀) ပေ ပျက်စီးမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းဦးဆောင်၍ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30047
Page
30048
Page
30049
Page
30050
Current page
30051
Page
30052
Page
30053
Page
30054
Page
30055
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department