သတင်းများ

သီပေါမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 21,2020
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်များမှ အလှည့်ကျ ဦးဆောင်၍ သီပေါမြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်တွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်း သွားလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ ဈေးဆိုင်များ သတ်မှတ်ချိန်အတွင်း စနစ်တကျဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသ ကြီးအတွင်းရှိဈေးများ တွင် စက်တင်ဘာလ ၂၁ ရက်နေ့မှအောက်တိုဘာလ ၁ ရက်နေ့အထိ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါး ရောင်းချသည့်ဆိုင်များကို စျေးအတွင်း နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ဖွင့်လှစ်ရောင်းချ စေပြီး
ပင်လုံမြို့၌ အသက်၈၅ နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Sep 21,2020
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တတိယအကြိမ်မြောက် ထောက်ပံ့ ငွေများ ပေးအပ်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တတိယအကြိမ်မြောက် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ အ-ထ-က(၂) ကျောင်းအတွင်း (Quarantine Center)ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေးပြီး လူမှုကူညီရေးအသင်းများအား ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ ထားရှိရန် ဈေးပိုင်းရပ်ကွက်ရှိ အ-ထ-က(၂)ကျောင်းအတွင်း (Quarantine Center) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အ.လ.က.(၃)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် Quarantine Centre စတင်ဖွင့်လှစ်
Sep 21,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ Positive လူနာများနှင့် ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြား နေထိုင်စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ် အ.လ.က (၃)ကျောင်း တွင် Quarantine Centre ကို ယနေ့ ညနေ(၃)နာရီအချိန်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Quarantine Centre ဝင်ရောက်နေသူများအား မနက်၊ နေ့လယ်၊ ညအတွက် အစား အသောက်နှင့် နေထိုင်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များအား ဈေးရောင်းချသူများ သိရှိစေရန် အသိပေးနှိုးဆော်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသဖြင့် တိုင်းဒေသကြီး အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထပ်မံထုတ်ပြန်သည့် ညွှန်ကြားချက်များကို ဈေးရောင်းချသူများသိရှိစေရန် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များ၌ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်မှ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရပြီး ယင်းရပ်ကွက်တွင် မသန်စွမ်း ရှစ်ဦးရှိကြောင်းသိရသည်။