ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ အ-ထ-က(၂) ကျောင်းအတွင်း (Quarantine Center)ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေးပြီး လူမှုကူညီရေးအသင်းများအား ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကွမ်းခြံကုန်း စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ ထားရှိရန် ဈေးပိုင်းရပ်ကွက်ရှိ အ-ထ-က()ကျောင်းအတွင်း (Quarantine Center) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့ မနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ (Positive)ဖြစ်နေသူ()ဦးအား စက်တင်ဘာ(၁၃) ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်ထိ ကိုဗစ်-၁၉ရောဂါ(Positive) တွေ့ရှိသူ(၁၀)ဦး အထိရှိသွားပြီ ဖြစ်သည်။ (Positive)ဖြစ်နေသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ(၁၀)ဦးအား စောင့်ကြည့်သံသယလူနာ အဖြစ် အ-ထ-က() ကျောင်း(Quarantine Center)တွင် ထားရှိကြောင်း သိရသည်။ မြို့နယ်ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် စောင့်ကြည့်သံသယလူနာများ ပ်မံထားရှိရန် အ-ထ-က()ကျောင်းအား (Quarantine Center)အဖြစ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ကျောင်းတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက်မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေး အသင်းများဖြစ်သော မုဒိတာလူမှုကူညီရေးအသင်း၊ ကရုဏာရှင်လူမှုကူညီရေးအသင်း၊ မြင့်မြတ်သူလူမှုကူညီရေး အသင်းများသို့ သွားရောက်၍ အသင်းအတွက် လိုအပ်သောရောဂါ ကာကွယ်ရေးဝတ်စုံအတွက် တန်ဖိုးငွေ(၁၆၀၀၀၀)ကျပ်ရှိသော (Full Face Mask) နှစ်စုံအား ထောက်ပံ့ကူညီခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအတွက် လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများ ဝယ်ယူရန် ငွေကျပ်(၂၀၀၀၀၀)နှင့် ရုဏာရှင်လူမှုကူညီရေးအသင်းအား ငွေကျပ်(၅၀၀၀၀)တို့ကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)