သတင်းများ

အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ ထုတ် (SRI) စိုက်ခင်းတွင် သမန်းနိုးခြင်း/ပေါင်းရှင်းခြင်း လုပ်ငန်းများ လက်တွေ့ပြသ ဆောင်ရွက်
Sep 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေး စင်တာနယ်မြေ အတွင်းရှိ တောင်သူဦးဝင်းအောင်၏ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် (SRI) စိုက်ခင်းအတွင်း ပေါင်းလိုက် သမန်းနိုးကိရိယာဖြင့် သမန်းနိုးခြင်း/ ပေါင်းရှင်းခြင်း
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာအုပ်စုရှိ မျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းကွင်းဆင်း သရုပ်ပြ
Sep 22,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မျိုးစပါး မျိုးကောင်း မျိုးသန့် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ် စိုက်ခင်းများ ပင်ပွားစည်းချိန်တွင်မျိုးကွဲပယ်ခြင်း လုပ်ငန်းကိုကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဆင်ချည်တိုင်ကျေးရွာအုပ်စု၌ရှိသောတောင်သူများ၏ ဧရာမင်းစိုက်ဧက ၁၃ ဧကရှိလယ်မြေများတွင်ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့ကရိတ် ပြည်သူ့စာကြည့်တိုက်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေး
Sep 22,2020
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိဗဟုသုတများ ရရှိစေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲချိန်က Oline မှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား ပိုးသတ်ဆေးရည်လှူဒါန်းပေး
Sep 22,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ကျောင်းများအား ယမန်နေ့က ပိုးသတ်ဆေးရည် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိ
Sep 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး ထပ်မံ တွေ့ရှိတယ်လို့ ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါသည်။
ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Center များအား အဝင် အထွက် စာရင်းများနှင့် စောင့်ကြည့်လူနာများ၏ အခြေအနေများကြည့်ရှုစစ်ဆေး
Sep 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်မိုး၊ မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် များမှ Community Based Facility Quarantine Center အဖြစ် ထားရှိ​သော ​နေရာများ၌ အဝင်၊ အထွက်စာရင်း နှင့် စောင့်ကြည့်လူနာများ၏ အ​ခြေ​အနေအား ယမန်နေ့က စစ်​ဆေးခဲ့ပြီး တာဝန်ကျ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့နယ်ကျန်းမာ​ရေးဝန်ထမ်းများ၊ ​မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ်ကြက်​ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့​ကြောင်း သိရ သည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက် များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး တွံတေး၌ လိုက်လံကြေညာ
Sep 22,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိမှု ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်း မရှိသည့် လူနာများ တွေ့ရှိခဲ့ရာမှ အချိန်တိုကာလအတွင်း များပြားလာသဖြင့် မိမိအိမ်တွင် နေထိုင်ရန်အတွက်