သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အလှူရှင်များက ကျပ်သိန်း(၁၂၀)ပေးအပ် လှူဒါန်း
Sep 21,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့က အလှူငွေနှင့် အထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစီအစဉ်အရ သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ထွန်းက မြို့နယ်အတွင်း ကာကွယ်ရေး၊ ကုသရေး၊ ရောဂါပျံနှံ့မှုမရှိစေရေး အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက် အကူပြု အဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက လှူဒါန်းရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။