ပန်းတနော်၌ ဈေးဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး လိုက်လံစစ်ဆေး
Sep 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့မ စည်ပင်သာယာဈေးများနှင့် မြို့နယ်အတွင်းရှိဈေးဆိုင်များ၊ ဆိုင်ခန်းများအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့က ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချခြင်းရှိ/ မရှိကို ယနေ့ နံနက် ၁၀ နာရီ၌ လိုက်လံစစ်ဆေး ခဲ့သည်။