ပင်လုံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပင်လုံမြို့ ရပ်ကွက် (၃)ရှိ အသက် ၈၅ နှစ် နှင့် အထက်ဘိုးဘွား(၁၄)ဉီးအား ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က အသက် ၈၅နှစ် နှင့် အထက် လူမှုရေးပင်စင်ရရှိသူ သက်ကြီးဘိုးဘွား(၁၄)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀) စာဖြင့် သုံးသောင်းကျပ်ကို ဘိုးဘွားများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ
(ပြန်/ဆက်၊ ပင်လုံ)