ပုဇွန်တောင်မြို့နယ်တွင် အ.လ.က.(၃)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် Quarantine Centre စတင်ဖွင့်လှစ်

ပုဇွန်တောင် စက်တင်ဘာ ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ Positive လူနာများနှင့် ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြား နေထိုင်စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ် အ.လ.က (၃)ကျောင်း တွင် Quarantine Centre ကို ယနေ့ ညနေ(၃)နာရီအချိန်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း Quarantine Centre ဝင်ရောက်နေသူများအား မနက်၊ နေ့လယ်၊ ညအတွက် အစား အသောက်နှင့် နေထိုင်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။

 အဆိုပါ Quarantine Centre သို့ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအသီးသီးမှ ကားများဖြင့် ကူညီပေးလျက်ရှိပြီး Centre သို့ လှူဒါန်းလိုပါက ဦးစိုးထက်(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) ဖုန်း- 09261560743 ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

နေခြည်(ပြန်/ဆက်)