ရွှေသောင်ယံ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား တတိယအကြိမ်မြောက် နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက်များအလိုက် အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၈၈) စုအား အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု(၁၀၄)စုအား ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက်သော်လည်းကောင်း တစ်အိမ်ထောင်လျှင် ကျပ်(၂၀,၀၀၀)စီကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)