သတင်းများ

တံတားဦးမြို့နယ် မြင်းငူကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 21,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြေငူကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့ အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရှိ အဘိုးအဘွားများကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် Lock Down ချထားသောလမ်းများအတွင်းရှိ အိမ်ထောင်စုဝင်များအား အလှူရှင်များက စားသောက်ကုန်များ နေ့စဉ်လှူဒါန်းလျက်ရှိ
Sep 21,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ စေတနာရှင်များက ​​နေ့စဉ် လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လသာမြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိသည့် အ.ထ.က (၁) ကျောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Sep 21,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အ.ထ.က(၁)ကျောင်းရှိ Quarantine Centre အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ ပထမအကြိမ် ကွင်းဆင်းစစ်ဆေး
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တောင်သူ (၄၂) ဦး၏
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Sep 21,2020
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နေ့စဉ် နေ့/ည တာဝန်များ ခွဲကာ မိမိတို့မြို့၊ ရပ်ကွက် /ကျေးရွာများရှိ အဝင်/ အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို အချိန်နှင့်တပြေးညီ ဖွင့်လှစ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်
Sep 21,2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၇ နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မကျီးပင်အုပ်စု၊ မကျီးပင်ကျေးရွာ၊ ဇဗ္ဗူဥသျှောင်ဘုရားဝန်း အတွင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့လူနာ ၄ ဦးအား ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆေးရုံမှ ဆင်းခွင့်ပြုမည်
Sep 21,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့ ကထုတ်ပြန်သော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာစာရင်းတွင် ပါဝင်သည့် မိတ္ထီလာဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာ ၄ ဦးအား ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ် ၁၄ ရက် ပြည့်၍ စက်တင်ဘာလ ၂၂ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေး၌ ဈေးဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေး နှိုးဆော်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ပြန့်ပွား ကူးစက်လာသည့်အတွက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာဈေးများနှင့် မြို့နယ် တွင်းရှိဈေးဆိုင်များ၊ ဆိုင်ခန်းများအား တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရန် အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးဝင်းခိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် အသံချဲ့စက်နှင့်အတူ ဈေးဆိုင်ခန်းများအရောက် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။