သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တတိယမြောက် Quarantine Center ဖွင့်လှစ်ရန် ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် တတိယမြောက် Quarantine Centerကို အမှတ်(၈) ရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယုမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Sep 21,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးအကြောင်း အသိပညာပေး နံရံကပ် စာစောင်ပြသခြင်း ကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှေ့၌ ပြသခဲ့ရာ စာပေချစ်သူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘောဆိပ်ကမ်း၌ စီးနင်းကြသော ခရီးသည်များအား နှာခေါင်းစည်းများ အခမဲ့ပေးဝေ
Sep 21,2020
စီးပွားရေးမြို့တော်ရန်ကုန်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် ခရီးသွားမိဘပြည်သူများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာနိုင်စေရေး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ချယ်ရီသင်္ဘော ကူးတို့ ဆိပ်ကမ်း၌ စီးနင်းလိုက်ပါကြသော ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြိုနယ်အတွင်းရှိ ဖောင်းလောင်ဆည်နှင့်တောက်ပြိုဆည်များတွင် ငါးမျိုးများစိုက်ထည့်
Sep 21,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံ ဇာတပေါများရေး၊ ငါးစားသုံးမှုမြင့်မားရေး၊ ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဆည်၊တာတမံများအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့က ဖောင်းလောင်ဆည်နှင့် တောက်ပြို ဆည်တို့တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းနောင်မြို့အတွင်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှ ပြန်လည် ရောက်ရှိ နေသူ နေရပ်ပြန်များ၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရယူကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်
Sep 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ကာကွယ်၊ ထိန်းချုပ်၊တုန့်ပြန်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ပနှင့် အတည်ပြုလူနာ (၃)ဦးရှိသည့် ဒေသမှပြန်လည် ရောက်ရှိနေသူများ အား သက်ဆိုင်ရာ Quarantine Center များ တွင် စနစ်တကျ ထားရှိ၍ နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ရယူကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။
မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းနေရာများကွင်းဆင်းစစ်ဆေး
Sep 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည် ဖော်ဆောင်ရွက်ရန် လျာထားသောလုပ်ငန်းနေရာများအား ယမန်နေ့နံနက် (၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့လူနာ ရောဂါသက်သာ ပျောက်ကင်း၍ မြောင်းမြဆေးရုံမှ ဆင်းခွင့်ရ
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် စက်တင်ဘာလ ၈ ရက်နေ့က ပထမဦးဆုံး ကိုဗစ်(၁၉)ပိုးတွေ့ရှိသော လူနာ(Case-1495)သည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရောဂါသက်သာပျောက်ကင်းသဖြင့် မြောင်းမြဆေးရုံမှ ဆေးရုံဆင်းခွင့်ရရှိကြောင်းသိရသည်။
ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းများနှင့် အလှူရှင်များက ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Sep 21,2020
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ လူမှုရေးအသင်းများနှင့်အလှူရှင်အသင်း အဖွဲ့များက ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ကို ယနေ့ နံနက် ၉ နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုအဖြစ် ရန်ကုန်-ပြည်ကားလမ်းမဘေး မြို့နယ်ပြန်/ဆက်ရုံးရှေ့မှ စတင်၍ အဖွဲ့များခွဲကာ လူစည်ကားရာနှင့် လမ်းစုံနေရာများသို့ သွားရောက်၍ အဆိုပါအဖွဲ့များက နှာခေါင်းစည်းများ အခမဲ့ဖြန့်ပေးလျက်ရှိကြောင်း သိရသည်။