ကန့်ဘလူမြို့နယ်တွင် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

ကန့်ဘလူ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များ၌ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်မှ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရပြီး ယင်းရပ်ကွက်တွင် မသန်စွမ်း ရှစ်ဦးရှိကြောင်းသိရသည်။

ဆက်လက်ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု ၅၉ အုပ်စုမှ အုပ်ချုပ်ရေးမှူးများက မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိသည်။ကန့်ဘလူမြို့နယ်တွင်  ရပ်ကွက်/ကျေးရွာ ၅၉ အုပ်စုမှ မသန်စွမ်းသူ စုစုပေါင်း ၆၅၆ ဦးကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)