ကလိန်အောင် ဇူလိုင် ၆
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိပညာရတနာခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဒုကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ဦးထွန်းထွန်းအောင်နှင့် နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးက ဂုဏ်ပြုအားပေးစကားပြောကြား သည်။
ထို့နောက် ရေဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတပ်ဖွဲ့မှူး ဦးထွန်းပြည့်အောင်က ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်၊ ဆေးအိတ်နှင့်ဆုရရှိသူများကို မြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ခံ ဆရာဝန်ဒေါက်တာ ဦးထွန်းထွန်းအောင်၊ နယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒု-ရဲအုပ်ဦးကျော်လင်း၊ နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးနှင့်တာဝန်ရှိသူ အသီးသီးများကဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ပြီးနောက် သင်တန်းသား/သူများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးမ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းအခမ်းအနားသို့ ကလိန်အောင်မြို့ အခြေခံပညအထက်တန်းကျောင်းမှ ဒုကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းထွေးနှင့် ဆရာ/ဆရာမများ၊ မြို့ပြည်သူ့ဆေးရုံကြီးမှ တာဝန်ခံ ဆရာဝန် ဒေါက်တာ ဦးထွန်းထွန်းအောင်နှင့် သက်ဆိုင်ရာဌာနများ၊ နည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို နည်းပြဆရာ (၃ )ဦးမှ သင်တန်းသား၊ သင်တန်းသူ (၆၂)ဦးကို ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ ငါးရက်ကြာသင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)