ဟုမ္မလင်း၌၊ ပျိုးထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်မှုသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အဖွဲ့ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဟုမ္မလင်း ဇူလိုင် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်က၊ ရွေးချယ်ခဲ့သောခေါင်နှံများအားပျိုး ထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားနုန်းကျေးရွာ/ပါမလုံကွင်း၊ ကွင်းအမှတ် (၆၂)၊ ဦးပိုင်အမှတ် (၇၃)၊ တောင်သူဦးအောင်စိုးလွင်၏ မိုးစပါး (အောင်နိုင်တိုး) စိုက်ခင်း၌ ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။

ဆက်လက်၍ ပျိုးထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနာမှ ဦးစီးအရာရှိ ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ၂၀၂၅ခုနှစ်က၊ ရွေးချယ်ခဲ့သောခေါင်နှံများအား ပျိုးထောင်ခြင်းနှင့် ပျိုးခင်းများအား ယူရီးယားနှင့် သဘာဝမြေသြဇာ ရောနှောကြဲပက်ခြင်းဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး တက်ရောက်လာသော တောင်သူ (၂၅) ဦးအား ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် သဘာဝမြေသြဇာနှင့် ရောနှောသုံးစွဲရန်ယူး ရီးယားဓာတ်မြေသြဇာများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)