မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ဆည်မြောင်းစွန့်ပစ်‌တာကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှု

မြန်အောင် ဇူလိုင် ၆

မြန်အောင်မြို့ အမှတ် (၁) ရပ်ကွက် ဆည်မြောင်းရေကာတာကြီးအရှေ့ဘက် ကွန်ကရစ်ရေကာနံရံ၏ အရှေ့ဘက် ပေ (၈၀) ခန့်အကွာ နယ်ပိုင်အိမ်အဟောင်း (အသုံးပြုခြင်းမရှိ) သည့် နေရာအနီး ဆည်မြောင်းစွန့်ပစ်တာသည် ဧရာဝတီမြစ်‌ရေ တိုက်စားမှု‌ကြောင့် အလျား (၅၀) ပေ၊ အကျယ် (၁၁) ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ယနေ့နံနက်က ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်‌ရေတိုက်စားမှုကြောင့် ကမ်းပြိုသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစနေထွန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများပူးပေါင်း၍ အရေးပေါ်ကမ်းပြိုကမ်းစားမှုသက်သာစေရန် ဝါးဖောင်များချခြင်း၊ သဲအိတ်များချခြင်းများ ဆောင်ရွက်ထားလျက်ရှိပြီး ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဝင်းဗိုလ်(ပြန်/ဆက်)