မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေး

မုဒုံ ဇူလိုင် ၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယနေ့နံနက် ၉ နာရီက ကျေးရွာ (၇) ရွာရှိ တောင်သူများအား ချေးငွေများထုတ်ပေးလျက်ရှိသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စက်မှုလုပ်ငန်း တည်ဆောက်ရာတွင် ကောင်းစွာ အထောက်အကူပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာ (၇) ရွာများမှ တောင်သူ (၃၉) ဦး၏ လယ်ဧက (၃၄၀) ဧကအတွက် ချေးငွေကျပ်စုစုပေါင်း (၁၀၂၀) သိန်းကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)