သတင်းများ

ဘားအံမြို့တွင် ၂၀၂၆ခုနှစ်၊ တောင်ကလေးအဲးခိုးစာမူဆု ပဏာမစိစစ်ရွေးချယ်နိုင်ရေးစာမူများလွှဲပြောင်း ပေးအပ်
Jul 06,2026
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၆ခုနှစ်အတွင်း တောင်ကလေး၊ အဲးခိုးစာမူဆု ပြိုင်ပွဲဝင်စာမူများ ပဏာမစိစစ်ရွေးချယ်နိုင်ရေးအတွက် စာမူများလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင် ၅ ရက် မွန်းလွဲ(၂) နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရတနာသုခအိမ်ရာရှိ စာမူဆုစိစစ်ရေးရုံး ခန်းမတွင် ပြုလုပ်သည်။
ဝမ်းတွင်းမြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဖွင့်
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ အကြိုအခြေခံမီးသတ်သင်တန်း(၁/၂၀၂၆)သင်တန်းကို ဇူလိုင် ၆ ရက် နံနက်က မြို့မစည်ပင်သာယာခန်းမတွင် ဖွင့်လှစ်သည်။
တောင်သာမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါဦးစီးဌာန ရုံးအဝင်လမ်း သတ်မှတ်နေရာ၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်လှစ်
Jul 06,2026
ရမည်းသင်းခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)ဖွင့်လှစ်ခြင်းကို ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)၌ ကျင်းပသည်။
သာစည်မြို့နယ်၌ သာစည် - ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်း ကျောက်ချောလမ်းခင်း   
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီဌာနမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော သာစည်-ညောင်ရမ်းလမ်းမှ အင်းဝင်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဇူလိုင် ၅ ရက်က တိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
သာစည်မြို့နယ်၌ ရွှေတုတ်ကုန်း-ညောင်ကုန်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော ရွှေတုတ်ကုန်း-ညောင်ကုန်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဇူလိုင် ၃ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မြစ်သားမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုး
Jul 06,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day 2026) အထိမ်းအမှတ်အဖြစ် "တက်ကြွ၍သာယာဝ‌ပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်းဖော်ဆောင်ရေး" ဆောင်ပုဒ် အတိုင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကင်းစိန်ဈေးကျေးရွာနှင့် သာလွန်စံပြကျေးရွာတို့၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ် အ.မ.က(ပေကုန်း)၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော
Jul 06,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်မှစတင်ကာ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကေင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၆ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာမူလတန်းကျောင်း(ပေကုန်း)၌ ကျင်းပသည်။