ပင်လုံမြို့၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Dec 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့မှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။